မိခင်အသက်ကို မဖြစ်မနေ ကယ်တင်ဖို့ လိုအပ်တဲ့ အခြေအနေကလွဲလို့ မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာကို တင်းကြပ်စွာ တားမြစ်ထားပါတယ်။ သားပျက်သားလျှောဖြစ်တဲ့ အမျိုးသမီးတွေကို ပြန်လည်ကုသဖို့ အတွက် အခြေခံအဆင့်နဲ့ ပြည်နယ်တိုင်းအဆင့်မှာ လုပ်ဆောင်လို့ရပြီး အမေရိကန်ဒေါ်လာ ၇၀ ကနေ ၃၀၀ အတွင်း ကုန်ကျနိုင်ပါတယ်။
ကိုယ်ဝန်ဖျက်ချတာက မြန်မာနိုင်ငံမှာ တရားဝင်ပါသလား။
ကိုယ်ဝန်ဖျက်ချတာက မြန်မာနိုင်ငံမှာ တရားမဝင်ပါဘူး။ မည်သို့ပင်ဖြစ်စေ အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ ဥပဒေတစ်ရပ်အန ေနဲ့ ပါဝင်တဲ့ တစ်ချက်ကတော့ ရှိပါတယ်။
- အမျိုးသမီးတစ်ဦးက အဓမ္မကျင့်ခံရလို့ ရလာတဲ့ကိုယ်ဝန်ဖြစ်ခဲ့ရင်တော့ ကြီးကြပ်ပေးတဲ့ဘုတ်အဖွဲ့ဆီကို ကိုယ်ဝန်ဖျက်ချဖို့ တင်ပြပြီး ဘုတ်အဖွဲ့က ခွင့်ပြုချက်ရရှိပါက ကိုယ်ဝန်ဖျက်ချလို့ ရပါတယ်။
မည်သို့ပင်ဖြစ်စေ လူတစ်ယောက်က အမျိုးသမီးတစ်ဦးကို ကိုယ်ဝန်ဖျက်ချပေးတာ၊ အမျိုးသမီးကိုယ်တိုင်က မိမိဖာသာ ဖျက်ချတာတွေက ထောင်ဒဏ် ၃ နှစ်ထပ်ပိုသော ဒါမှမဟုတ် ငွေဒဏ် ကို ပြစ်ဒဏ်အဖြစ် ချမှတ်ခံရနိုင်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဖျက်ချပေးသည့် ဆရာဝန်သည် ဆေးကုသခွင့်လက်မှတ် ရုတ်သိမ်းခံရတဲ့အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။ 2