Terms and Conditions

အထွေထွေ

ဤ ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် သင်သည် ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များကို သဘောတူပြီး ၎င်းစည်းကမ်းချက်များကို ကျွန်ုပ်တို့က မကြာမကြာ မွမ်းမံပြင်နိုင်သည်။ ကျွန်ုပ်တို့ ပြုလုပ်ပြီးဖြစ်နိုင်သည့် ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များနှင့် ပတ်သက်သည့် အပြောင်းအလဲများကို သတိပြုမိနိုင်ရန်အတွက် သင်သည် ဤစာမျက်နှာကို ပုံမှန်စစ်ဆေးသင့်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ဝန်ဆောင်မှုများကို အသိပေးခြင်းမရှိဘဲ ရုတ်သိမ်းရန် သို့မဟုတ် ပြင်ဆင်ရန် အခွင့်အရေးများကို ရယူထားသည်။ ဤဝဘ်ဆိုက်ဒ်အား မည်သည့် အချိန်တွင် သို့မဟုတ် မည်သည့် အချိန်ကာလအတွက် အသုံးပြုမရဖြစ်သည့် မည်သည့် အကြောင်းရင်းအတွက်မဆို ကျွန်ုပ်တို့က တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် မကြာမကြာ ဤဝင်ရောက်အသုံးပြု၏ အချို့အစိတ်အပိုင်းများကိုဖြစ်စေ ဝဘ်ဆိုက်ဒ်တစ်ခုလုံးကိုဖြစ်စေ ဝင်ရောက်သုံးစွဲခွင့်အား ရပ်ဆိုင်းမှုပြုလုပ်နိုင်သည်။

ဤဝဘ်ဆိုက်ဒ်တွင် အခြား ဝဘ်ဆိုက်ဒ်များထံသို့ ရောက်ရှိစေနိုင်သည့် လင့်ခ်များ (‘လင့်ခ်ချိတ်ထားသည့် ဝဘ်ဆိုက်ဒ်များ’) ပါဝင်နိုင်ပြီး ၎င်းတို့ကို www.howtouseabortionpill.org မှ စီမံခန့်ခွဲခြင်းမဟုတ်ပါ။ ဤဝဘ်ဆိုက်ဒ်သည် လင့်ခ်ချိတ်ထားသည့် ဝဘ်ဆိုက်ဒ်များကို ထိန်းချုပ်ထားခြင်းမရှိသလို ၎င်းတို့အတွက်ဖြစ်စေ ၎င်းတို့ကို သင်က အသုံးပြုရာမှ ပေါ်ပေါက်လာသော မည်သည့် ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်ပျက်စီးမှုအတွက်ဖြစ်စေ တာဝန်ယူမည်မဟုတ်ပါ။ လင့်ခ်ချိတ်ထားသည့် ဝဘ်ဆိုက်ဒ်များအား သင်၏ အသုံးပြုမှုကို အဆိုပါ ဝဘ်ဆိုက်ဒ်တစ်ခုစီရှိ ပါဝင်သော အသုံးပြုမှုနှင့် ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များအတိုင်း လုပ်ဆောင်ရမည်ဖြစ်သည်။

ကိုယ်ရေးလုံခြုံမှု မူဝါဒ

သင့်အချက်အလက်များအား ကျွန်ုပ်တို့ အသုံးပြုမည့်နည်းလမ်းနှင့် ပတ်သက်၍ သတ်မှတ်ထားသော ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒကို www.howtouseabortionpill.org/my/privacy-policy တွင် တွေ့ရှိနိုင်သည်။ ဤဝဘ်ဆိုက်ဒ်ကို အသုံးပြုခြင်းဖြင့် ဤဝဘ်ဆိုက်ဒ်တွင် ဖော်ပြထားသည့် စီမံဆောင်ရွက်မှုအတွက် သင်က သဘောတူခွင့်ပြုပြီး သင်ပေးထားသည့် ဒေတာအချက်အလက်များအားလုံးသည် တိကျမှုရှိကြောင်း အာမခံပါသည်။

တားမြစ်ချက်များ

သင်သည် ဤဝဘ်ဆိုက်ဒ်ကို တစ်လွဲအသုံးချခြင်းမပြုလုပ်ရ။ သင်သည် ဖော်ပြပါအချက်များကို ပြုလုပ်ရမည်မဟုတ်- ရာဇဝတ်မှုကျူးလွန်ခြင်းကို ပြုလုပ်ခြင်း သို့မဟုတ် ပြုလုပ်ရန် တိုက်တွန်းအားပေးခြင်း၊ မရိုးဖြောင့်သည့် သဘောပါဝင်သော၊ နည်းပညာပိုင်းအရ အန္တရာယ်ဖြစ်စေနိုင်သော၊ ယုံကြည်မှုကို ကျိုးပျက်စေသော သို့မဟုတ် ရိုင်းပျသော သို့မဟုတ် မဖွယ်မရာသော ကွန်ပျူတာဗိုင်းရပ်စ်၊ Trojan၊ Worm၊ Logic Bomb သို့မဟုတ် အခြားအရာကို တစ်နည်းနည်းဖြင့် ပျံ့နှံ့စေခြင်း သို့မဟုတ် ဖြန့်ဝေခြင်း၊ ဝန်ဆောင်မှု၏ မည်သည့်နယ်ပယ်ကိုမဆို လှည့်ဖြားဝင်ရောက်ခြင်း၊ ဒေတာအချက်အလက်များကို ပျက်စီးအောင်ပြုလုပ်ခြင်း၊ အခြား အသုံးပြုသူများကို အနှောက်အယှက်ဖြစ်စေခြင်း၊ အခြား လူပုဂ္ဂိုလ်တစ်ဦးဦး၏ ပစ္စည်းပိုင်ဆိုင်ခွင့်များအနက် ရပိုင်ခွင့်များအပေါ် ချိုး‌ဖောက်ကျူးလွန်ခြင်း၊ ‘စပန်း’ ဟုခေါ်ဆိုလေ့ရှိသော မည်သည့် မြူဆွယ်ဖြားယောင်းသော ကြော်ငြာခြင်း သို့မဟုတ် အရောင်းမြှင့်တင်ခြင်း အကြောင်းအရာကိုမဆို ပေးပို့ခြင်း၊ ဤဝဘ်ဆိုက်ဒ်ကို အသုံးပြု၍ မည်သည့် ကွန်ပျူတာ အသုံးပစ္စည်းမဆို၏ စွမ်းဆောင်ရည် သို့မဟုတ် လုပ်ဆောင်အသုံးပြုမှုကို သက်ရောက်စေနိုင်ရန် သို့မဟုတ် ဝင်ရောက်သုံးစွဲရန် အားထုတ်ခြင်း။

ဤပြဌာန်းချက်ကို ချိုးဖောက်ခြင်းသည် ပြစ်မှုကျူးလွန်ခြင်းကဲ့သို့ သက်ရောက်စေမည်ဖြစ်ပြီး www.howtouseabortionpill.org သည် ယင်းသို့ ချိုးဖောက်မှုတိုင်းကို သက်ဆိုင်ရာ ရဲအာဏာပိုင်များထံ တိုင်ကြားမည်ဖြစ်ကာ သင့်အား ခွဲခြားသတ်မှတ်နိုင်သည့် အထောက်အထားကို ၎င်းတို့ထံ ထုတ်ဖော်ပြောဆိုမည်ဖြစ်သည်။

ဤဝဘ်ဆိုက်ဒ်အား သင်အသုံးပြုသည့်အတွက်ဖြစ်စေ ဝဘ်ဆိုက်ဒ်ပေါ်တွင် သို့မဟုတ် ၎င်းနှင့် ချိတ်ဆက်ထားသည့် ဝဘ်ဆိုက်ဒ်တစ်ခုခုပေါ်တွင် ရေးသားတင်ပြထားသည့် မည်သည့်အရာကိုမဆို သင်က ဒေါင်းလုဒ်လုပ်ခြင်းကြောင့်ဖြစ်စေ သင့်ကွန်ပျူတာပစ္စည်းများ၊ ကွန်ပျူတာ ပရိုဂရမ်များ၊ ဒေတာ သို့မဟုတ် အခြား ပိုင်ဆိုင်မှုပစ္စည်းကို ထိခိုက်စေနိုင်သည့် ဖြန့်ဖြူးထားသည့် Denial-of-service attack၊ ဗိုင်းရပ်စ်များ သို့မဟုတ် နည်းပညာပိုင်းအရ အန္တရာယ်ဖြစ်စေနိုင်သော အခြားအရာများကြောင့်ဖြစ်ပေါ်သည့် မည်သည့် ဆုံးရှံးမှု သို့မဟုတ် ထိခိုက်ပျက်စီးမှုအတွက်မှ ကျွန်ုပ်တို့က တာဝန်ယူမည်မဟုတ်ပါ။

ဉာဏပစ္စည်း ပိုင်ဆိုင်မှု၊ ဆော့ဖ်ဝဲနှင့် ရေးသားမှုအကြောင်းအရာ

ဤဝဘ်ဆိုက်ဒ်ပေါ်ရှိ သို့မဟုတ် ဤဝဘ်ဆိုက်ဒ်မှတဆင့် သင့်အတွက် ရရှိနိုင်ရန် ပြုလုပ်ထားသည့် ဆော့ဖ်ဝဲနှင့် အကြောင်းအရာအားလုံးရှိ (ဓာတ်ပုံရုပ်ပုံများ အပါအဝင်) ဉာဏပစ္စည်းပိုင်ဆိုင်ခွင့်များသည် www.howtouseabortionpill.org သို့မဟုတ် ၎င်းအား လိုင်စင်ထုတ်ပေးသူများထံတွင် ဆက်လက်ကျန်ရှိပြီး ၎င်းတို့ကို ကမ္ဘာတစ်လွှားရှိ မူပိုင်ခွင့် ဥပဒေများနှင့် စာချုပ်များဖြင့် ကာကွယ်ထားသည်။ အဆိုပါ ရပိုင်ခွင့်များအားလုံးကို www.howtouseabortionpill.org နှင့် ၎င်း၏ လိုင်စင်ထုတ်ပေးသူများက ထိန်းသိမ်းရယူထားသည်။ ကျွန်ုပ်တို့အနေဖြင့် သင့်တစ်ကိုယ်ရေအသုံးပြုမှုအတွက် သီးသန့် ထောက်ပံ့သည့် ရေးသားမှုအကြောင်းအရာကို သိုလှောင်ခြင်း၊ ပုံနှိပ်ခြင်းနှင့် ဖော်ပြခြင်းတို့ကို ပြုလုပ်နိုင်သည်။ သင့်အနေဖြင့် သင့်ထံသို့ ပံ့ပိုးထားသည့် သို့မဟုတ် ဤဝဘ်ဆိုက်ဒ်ပေါ်တွင် မြင်တွေ့ရသော မည်သည့် ရေးသားမှုအကြောင်းအရာ သို့မဟုတ် ထိုရေးသားမှုအကြောင်းအရာ၏ မူပွားများကို မည်သည့်ပုံစံနှင့်မျှ ထုတ်ဝေခြင်း၊ ကြိုးကိုင်ခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် အခြားတစ်နည်းဖြင့် ပွားများကူးယူခြင်းကို ခွင့်မပြုသလို သင်သည် မည်သည့် စီးပွားရေးလုပ်ငန်း သို့မဟုတ် စီးပွားဖြစ်လုပ်ငန်းတစ်ခုခုနှင့် ဆက်နွယ်ပတ်သက်သည့် မည်သည့်ရေးသားမှုအကြောင်းအရာကိုမှ အသုံးပြုခွင့်မရှိပါ။

တာဝန်မရှိကြောင်း ထုတ်ဖော်ပြောဆိုချက်

ဤဝဘ်ဆိုက်ဒ်ပေါ်တွင် ပံ့ပိုးထားသည့် ရေးသားမှုအကြောင်းအရာနှင့် အချက်အလက်များအားလုံးကို ယေဘုယျ အချက်အလက်၊ ယေဘုယျ ဆွေးနွေးမှု၊ နှင့် ပညာပေးရန်အတွက် ရည်ရွယ်ထားသည်။ ရေးသားမှုအကြောင်းအရာကို “ပကတိ မြင်တွေ့ရသည့်အတိုင်း” ပံ့ပိုးခြင်းဖြစ်ပြီး အဆိုပါ အချက်အလက်များအား သင်၏ အသုံးပြုမှု သို့မဟုတ် မှီခိုအားထားမှုကို သင့်ကိုယ်ပိုင်တာဝန်ယူမှုဖြင့် ပြုလုပ်ရန်ဖြစ်သည်။

မည့်သည့် အခြေအနေများတွင်မဆို www.howtouseabortionpill.org သည် ဤဝဘ်ဆိုက်ဒ်ပေါ်တွင် ရေးသားတင်ပြထားသည့် ရေးသားမှုအကြောင်းအရာအားအကြောင်းပြု၍ သို့မဟုတ် အွန်လိုင်းတွင်ဖြစ်စေ အော့ဖ်လိုင်းတွင်ဖြစ်စေ ဤဝဘ်ဆိုက်ဒ်အား အသုံးပြုသူများအကြား အပြန်အလှန် တုန့်ပြန်မှုများအကြားမှ ဖြစ်ပေါ်လာသော တစ်ကိုယ်ရေ ထိခိုက်အနာတရဖြစ်မှုအပါအဝင် မည်သည့် ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်ပျက်စီးမှုအတွက်မှ တာဝန်ယူမည်မဟုတ်ပါ။

ဤဝဘ်ဆိုက်ဒ်နှင့် ချိတ်ဆက်ခြင်း

သင့်အား ပံ့ပိုးထားသည့်အတိုင်း မျှတ၍ တရားဝင်ဖြစ်သော နည်းလမ်းနှင့် သင်သည် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်ဒ်နှင့် ချိတ်ဆက်နိုင်ပြီး ၎င်းသည် ကျွန်ုပ်တို့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ခြင်းမရှိပါ သို့မဟုတ် ၎င်းအား အမြတ်ထုတ်ခြင်းမဟုတ်ပါ။ သို့သော် သင်သည် ကျွန်ုပ်တို့ဖက်တွင်မရှိသည့် အသင်းအဖွဲ့၊ ထောက်ခံခွင့်ပြုချက် သို့မဟုတ် အားပေးထောက်ခံခြင်းပုံစံတစ်ခုခုဖြင့် အကြံပြုခြင်းကဲ့သို့ နည်းလမ်းဖြင့် လင့်ခ်ကို မတည်ဆောက်ရ။ သင်သည် သင်မပိုင်ဆိုင်သည့် မည်သည့် ဝဘ်ဆိုက်ဒ်မဆိုမှ လင့်ခ်ကို တည်ဆောက်ခြင်း မပြုရ။ ဤဝဘ်ဆိုက်ဒ်ကို အခြား မည်သည့်ဝဘ်ဆိုက်ဒ်ပေါ်တွင်မှ ဖရိမ်ချထားခြင်းမရှိစေရသည့်အပြင် သင်သည် ပင်မစာမျက်နှာမဟုတ်ဘဲ ဤဝဘ်ဆိုက်ဒ်၏ အခြားအစိတ်အပိုင်းတစ်ခုခုဆီသို့ ရောက်ရှိနိုင်သည့် လင့်ခ်ကိုလည်း ဖန်တီးခြင်းမပြုနိုင်ပါ။ ကျွန်ုပ်တို့အနေဖြင့် အသိပေးခြင်းမရှိဘဲ ချိတ်ဆက်ခြင်းဆိုင်ရာ ခွင့်ပြုချက်များကို ရုတ်သိမ်းနိုင်သည့် အခွင့်အရေးကို ထိန်းသိမ်းရယူထားသည်။

ကုန်အမှတ်တံဆိပ်များ၊ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ရုပ်ပုံများနှင့် ပြင်ပအဖွဲ့အစည်း မူပိုင်ခွင့် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မသက်ဆိုင်ကြောင်း ကြေညာချက်

တမူထူးခြားစွာဖြင့် သိသာထင်ရှားစွာ ဖော်ပြထားသည်မှအပ ဤဝဘ်ဆိုက်ဒ်ပေါ်တွင် အထူးအလေးပေးဖော်ပြထားသော လူပုဂ္ဂိုလ်များ (သူတို့၏ နာမည်များနှင့် ရုပ်ပုံများ)၊ ပြင်ပအဖွဲ့အစည်း ကုန်အမှတ်တံဆိပ်များနှင့် ရေးသားမှုအကြောင်းအရာ၊ ဝန်ဆောင်မှုများ နှင့်/သို့မဟုတ် တည်နေရာများသည် www.howtouseabortionpill.org နှင့် ဆက်နွယ်ခြင်း၊ ချိတ်ဆက်ထားခြင်း သို့မဟုတ် ပေါင်းစည်းထားခြင်းမရှိပါ။ သင့်ပနေဖြင့် ထိုသို့သော ဆက်နွယ်မှု သို့မဟုတ် ပေါင်းစည်းမှု၏ တည်ရှိနေမှုအပေါ် မှီခိုမှုမပြုသင့်ပါ။ ဤဝဘ်ဆိုက်ဒ်ပေါ်တွင် အသားပေးဖော်ပြထားသည့် ကုန်အမှတ်တံဆိပ်များ/နာည်များ ဟူသမျှကို သက်ဆိုင်ရာ ကုန်အမှတ်တံဆိပ်ပိုင်ရှင်များက ပိုင်ဆိုင်သည်။ ကုန်အမှတ်တံဆိပ် သို့မဟုတ် တံဆိပ်အမည်ကို ရည်ညွှန်းဖော်ပြခြင်းသည် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဖော်ပြရန် သို့မဟုတ် ခွဲခြားဖော်ထုတ်ရန်အတွက်သာ အသုံးပြုခြင်းဖြစ်ပြီး ထိုကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို www.howtouseabortionpill.org မှ အားပေးထောက်ခံခြင်းသို့မဟုတ် ဆက်နွယ်မှုပတ်သက်မှုရှိခြင်းဖြစ်သည်ဟု မည်သည့်နည်းနှင့်မှ မမှတ်ယူရ။

လျော်ကြေးငွေ

သင်သည် ဤဝဘ်ဆိုက်ဒ်အား အသုံးပြုမှု သို့မဟုတ် ဝန်ဆောင်မှု စည်းကမ်းချက်များကို သင်၏ ချိုးဖောက်မှုမှ ပေါ်ပေါက်သည့် ပြင်ပအဖွဲ့အစည်း၏ တောင်းဆိုမှုမှန်သမျှနှင့် အားလုံး၊ ထိခိုက်ပျက်စီးမှုများ နှင့်/သို့မဟုတ် ကုန်ကျမှုများ (ကန့်သတ်ဖော်ပြချက်မဟုတ်သော်လည်း တရားရုံးစရိတ်များ ပါဝင်သည်) မှ www.howtouseabortionpill.org၊ ၎င်း၏ ဒါရိုက်တာများ၊ အရာရှိများ၊ အလုပ်သမားများ၊ ဆွေးနွေးအတိုင်ပင်ခံသူများ၊ အေးဂျင့်များ၊ နှင့် ပေါင်းစည်းထားသည့် ကုမ္ပဏီများအား လျော်ကြေးပေးခြင်း၊ ကာကွယ်ခြင်းနှင့် အန္တရာယ်မှ ကင်းလွတ်စေခြင်းတို့ကို ပြုလုပ်ရန် သဘောတူသည်။

အပြောင်းအလဲ

www.howtouseabortionpill.org သည် ဝန်ဆောင်မှုများ နှင့်/သို့မဟုတ် ဤဝဘ်ဆိုက်ဒ်ပါ မည်သည့် စာမျက်နှာကိုမဆို အချိန်မရွေး သတိပေးခြင်းမရှိဘဲ ပြင်ဆင်ရန်၊ ဖယ်ရှားရန် သို့မဟုတ် ပြောင်းလဲရန် ၎င်း၏ အလုံးစုံ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခွင့်ကို ရရှိစေရမည်။

တရားဝင်မှုမရှိခြင်း

ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များအနက် မည်သည့်အစိတ်အပိုင်းမဆိုကို အသက်ဝင်နိုင်ခြင်းမရှိပါက (သင့်အတွက် ကျွန်ုပ်တို့၏ တာဝန်ကို ကျွန်ုပ်တို့က ဖယ်ထုတ်ခြင်းပါဝင်သည့် ပြဌာန်းချက်အပါအဝင်) ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များပါ အခြား မည်သည့်အစိတ်အပိုင်းများမဆို၏ အသက်ဝင်မှုကို သက်ရောက်စေမည်မဟုတ်ပါ။ အခြားသော ဥပဒေပြဌာန်းချက်များမှာ အသက်ဝင်နှင့် သက်ရောက်မှု အပြည့်နှင့် ဆက်လက်ကျန်ရှိသည်။ မည်သည့် အပိုဒ်ငယ်/အပိုဒ်ခွဲငယ် သို့မဟုတ် အပိုဒ်ငယ်/အပိုဒ်ခွဲငယ်၏ အစိတ်အပိုင်းဟူသမျှကို ပြည့်စုံသမျှ ပြည့်စုံစေရန်အတွက် ကျန်ရှိသည့် အကျုံးဝင်သော အစိတ်အပိုင်းကို ပေးဆက်ရန် အပိုင်းပိုင်းခွဲနိုင်ပြီး အပိုဒ်ငယ်ကို သင့်လျော်သလို အနက်ပြန်ဆိုရမည်။ တစ်နည်းအားဖြင့် အပိုဒ်ငယ်ကို အပိုဒ်ငယ်/အပိုဒ်ခွဲငယ်အား ဥပဒေမှ ခွင့်ပြုထားသည့်အတိုင်း မူရင်းအဓိပ္ပာယ်နှင့် အနီးစပ်ဆုံး ဆင်တူစေသည့် နည်းဖြင့် ပြုပြင်ခြင်းနှင့် အနက်ပြန်ဆိုခြင်းအား ပြုလုပ်မည်ဖြစ်သည်ကို သင်သဘောတူခြင်းဖြစ်သည်။

တိုင်ကြားမှုများ

ကျွန်ုပ်တို့အနေဖြင့် တိုင်ကြားမှုများ ဦးစွာဖြစ်ပေါ်လာသည့်အခါ အငြင်းပွားမှုများကို ဖြေရှင်းရန် ကြိုးစားရာတွင် အသုံးပြုမည့် လက်စွဲလုပ်ငန်းစဉ်ဖြင့် တိုင်ကြားမှုများကို စီမံဆောင်ရွက်မည်ဖြစ်ပြီး သင့်အနေဖြင့် မည်သည့် တိုင်ကြားမှုများ သို့မဟုတ် သဘောထားမှတ်ချက်များမဆိုရှိလျှင် ကျွန်ုပ်တို့ကို အသိပေးပါ။

တရားဝင်စွန့်လွှတ်ကြောင်းစာ

သင်သည် အဆိုပါ သတ်မှတ်ချက်များကို ချိုး‌ဖောက်ပြီး ကျွန်ုပ်တို့အနေဖြင့် မည်သည့် အရေးယူမှုကိုမှ မပြုလုပ်သော်လည်း ကျွန်ုပ်တို့သည် အဆိုပါ သတ်မှတ်ချက်များကို သင်ချိုးဖောက်သည့် အခြားအခြေအနေတစ်ခုခုတွင် ကျွန်ုပ်တို့၏ ရပိုင်ခွင့်များနှင့် ကုစားမှုများကို အသုံးပြုရန်အတွက် ကျွန်ုပ်တို့တွင် အခွင့်ရှိဆဲဖြစ်သည်။

အလုံးစုံ သဘောတူညီချက်

အထက်ပါ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များသည် ပါဝင်ဖက်များ၏ အလုံးစုံ သဘောတူညီချက်ကို ဖြစ်ပေါ်စေပြီး သင်နှင့် www.howtouseabortionpill.org အကြား ယခင်နှင့် ယခု သဘောတူညီချက်တိုင်းနှင့် သဘောတူညီချက်အားလုံးကို အစားထိုးသည်။ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များအနက် ပြဌာန်းချက်တစ်ခုခုအတွက် စွန့်လွတ်ကြောင်းထုတ်ပြန်ချက်သည် www.howtouseabortionpill.org ၏ ဒါရိုက်တာမှ စာဖြင့်ရေးသားပြီး လက်မှတ်ထိုးမှသာလျှင် အသက်ဝင်မည်ဖြစ်သည်။