ကျွန်ုပ်တို့ ဘာတွေလုပ်ဆောင်ပါသလဲ။
HowToUse သည်ကိုယ်ဝန်ဖျက်ချဆေးဝါးနှင့်ပတ်သက်၍ ဆေးအသုံးမပြုခင် ဘာတွေ ကြိုတင်စဥ်းစားထားရမည်နည်း၊ အရည်အသွေးရှိသည့် ကိုယ်ဝန်ဖျက်ချဆေးကိုမည်သည့်နေရာတွင် ရရှိနိုင်မည်နည်း၊ ဒီဆေးတွေကို မည်သို့ အန္တရာယ်ကင်းအောင် သောက်သုံးနိုင်သနည်း၊ မည်သည့်အရာတွေကို ကြိုတင်ခန့်မှန်းပြင်ဆင်နိုင်သနည်း နှင့် လိုအပ်ပါကကျန်းမာရေးအကူအညီရယူနိုင်မှုများ အစ ရှိသဖြင့် လိုအပ်သော မှန်ကန်သည့်သတင်းအချက်အလက်များကို ဝေမျှပေးနေသော ဝက်ဆိုဒ်ဖြစ်ပါသည်။ ဤနေရာတွင် ကျွန်ုပ်တို့က အမျိုးသမီးတို့ကိုယ်တိုင် လုံခြုံစိတ်ချအန္တရာယ်ကင်းသော ကိုယ်ဝန်ဖျက်ချခြင်းလုပ်ငန်းကို လုပ်ဆောင်နိုင်စေဖို့ သတင်းအချက်အလက်များဖြင့် ပံ့ပိုးကူညီပေးနေသည်။
ကျွန်ုပ်တို့ ဘယ်နေရာမှာလုပ်ငန်းတွေလုပ်ဆောင်ပါသလဲ။
HowToUse သည်ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဒီနေရာတွင် ကျွန်ုပ်တို့သည် ကမ္ဘာတဝှမ်းရှိအမျိုးသမီးများအားသတင်းအချက်အလက်နှင့်အရင်းအမြစ်များကို ထောက်ပံ့ရန် ရှိနေပါသည်။ လောလောဆယ်တွင်ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်ကို ဘာသာပေါင်း 30 မျိုးသို့ပြန်ဆိုထားပါသည်။ သင်ဖတ်ချင်တဲ့ ဘာသာစကားရှာမတွေ့လို့ အကူအညီလိုအပ်ခဲ့မယ်ဆိုရင် info@howtouseabortionpill.org က တစ်ဆင့် ကျွန်ုပ် တို့ဆက်သွယ်လိုက်ပါ။
မသက်ဆိုင်ကြောင်း ငြင်းဆိုချက်
ဝက်ဘ်ဆိုက်စာမျက်နှာများရှိသတင်းအချက်အလက်တိုင်းကို တိကျမှန်ကန်မှုရှိစေရန်ကြိုးပမ်းပြုလုပ်ထားပါသည်။ သို့သော် တင်ပြထားသည့် အကြောင်းအရာများသည် အချိန်နှင့်အမျှပြောင်းလဲသွားနိုင်သည်သည့်အတွက် ဖော်ပြထားသောသတင်းအချက်အလက်များသည် အမြဲတမ်းမှန်ကန်နေမည်ဟု စာရေးသူထံမှ အတည်မပြုနိုင်ပါ။
စာကိုးမျာ
- “Induced Abortion.” American College of Obstetrics and Gynecologists. https://www.acog.org/Patients/FAQs/Induced-Abortion
- “Care for Women Choosing Medication Abortion.” The Nurse Practitioner. https://journals.lww.com/tnpj/Citation/2004/10000/Care_for_Women_Choosing_Medication_Abortion.9.aspx
- “Safe abortion: technical and policy guidance for health systems.”The World Health Organization. https://apps.who.int/iris/bitstream/handle/10665/70914/?sequence=1
- “Clinical updates in reproductive health.” Ipas. https://www.ipas.org/resource/clinical-updates-in-reproductive-health/
- “Providing medical abortion in low-resource settings: An introductory guidebook. Second edition.” Gynuity. https://gynuity.org/assets/resources/clinguide_maguide2nd_edition_en.pdf
- “Clinical policy guidelines for abortion care.” National Abortion Federation (NAF). https://5aa1b2xfmfh2e2mk03kk8rsx-wpengine.netdna-ssl.com/wp-content/uploads/2018_CPGs.pdf
- “First trimester abortion guidelines and protocols – Surgical and medical procedures.”International Planned Parenthood Federation. https://www.who.int/publications/i/item/9789240039483
စာရေးသူများ-
- ဤဝဘ်ဆိုက်တွင် ဖော်ပြထားသည့် အကြောင်းအရာအားလုံးကို အပြည်ပြည်ဆိုင်ရာ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ အဖွဲ့အစည်း၊ Ipas၊ ကမ္ ဘာ့ကျန်းမာရေးအဖွဲ့အစည်း၊ DKT International နှင့် carafem တို့ထံမှ စံနှုန်းများ၊ ပရိုတိုကောများနှင့်အညီ HowToUseAbortionPill.org အဖွဲ့မှ ရေးသားထားခြင်းဖြစ်ပါသည်။
- အပြည်ပြည်ဆိုင်ရာ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ အဖွဲ့အစည်း (NAF) သည် မြောက်အမေရိကရှိ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးသူများပါဝင်သော ပရော်ဖက်ရှင်နယ်အဖွဲ့အစည်း ဖြစ်ပြီး၊ ပရိုရွေးချယ်မှုဆိုင်ရာ လှုပ်ရှားမှုတွင် ဦးဆောင်သူဖြစ်ပါသည်။ HowToUseAbortionPill.org ရှိ အကြောင်းအရာသည် NAF မှထုတ်ပြန်သော 2020 ဆေးဝါးစမ်းသပ်မှုဆိုင်ရာမူဝါဒ လမ်းညွှန်ချက်များ နှင့်အညီ ဖြစ်ပါသည်။
- Ipas သည် ဘေးကင်းသော ကိုယ်ဝန်ဖျက်ချခြင်းနှင့် သန္ဓတားခြင်းဆိုင်ရာ စောင့်ရှောက်မှုကို ပိုမိုကျယ်ပြန့်စွာ ရရှိစေခြင်းပေါ်တွင်သာ အာရုံစိုက်သည့် တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းဖြစ်ပါသည်။ HowToUseAbortionPill.org ရှိအကြောင်းအရာသည် Ipas မှထုတ်ပြန်သော မျိုးဆက်ပွားကျန်းမာရေး 2019 ရှိ ဆေးဝါးစမ်းသပ်မှုအပ်ဒိတ်များ နှင့်အညီ ဖြစ်ပါသည်။
- ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း (WHO) သည် နိုင်ငံတကာရှိ အများပြည်သူကျန်းမာရေးအတွက် တာဝန်ရှိသော ကုလသမဂ္ဂ၏ အထူးအေဂျင်စီတစ်ခု ဖြစ်ပါသည်။ HowToUseAbortionPill.org ရှိအကြောင်းအရာသည် WHO မှထုတ်ပြန်သော 2012 ဘေးကင်းသော ကိုယ်ဝန်ဖျက်ချခြင်း- ကျန်းမာရေးစနစ်များအတွက် နည်းပညာဆိုင်ရာနှင့် မူဝါဒ လမ်းညွှန်ချက် နှင့်အညီ ဖြစ်ပါသည်။
- DKT International သည် မိသားစုအစီအစဉ်ဆွဲခြင်း၊ HIV/AIDS ကာကွယ်တားဆီးခြင်းနှင့် ဘေးကင်းသော ကိုယ်ဝန်ဖျက်ချခြင်းအတွက် အကြီးမားဆုံးလိုအပ်ချက်အချို့ပေါ်ရှိ ဆိုရှယ်မားကတ်တင်း၏စွမ်းအားပေါ်တွင် အာရုံစိုက်ရန် 1989 ၌ ဖွဲ့စည်းခဲ့သော မှတ်ပုံတင်ထားသည့် ကိုယ်ကျိုးမဖက်အဖွ ဲ့အစည်းတစ်ခု ဖြစ်ပါသည်။
- carafem သည် လူများအနေဖြင့် ၎င်းတို့၏ ကလေးအရေအတွက်ကို သတ်မှတ် ထိန်းချုပ်နိုင်စေရန် အဆင်ပြေပြီး ပရော်ဖက်ရှင်နယ်ဆန်သော ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ စောင့်ရှောက်မှုနှင့် မိသားစုအစီအစဉ်ဆွဲခြင်းတို့ကို ဖြည့်ဆည်းပေးသည့် ဆေးဝါးကွန်ရက်ဖြစ်ပါသည်။