ကိုယ်ဝန်ဖျက်ချဆေးနှင့် ပတ်သတ်ပြီးမေးလေ့ရှိသော မေးခွန်းများ

ကိုယ်ဝန်ဖျက်ချဆေးအမျိုးအစားများနှင့်အသုံးပြုပုံများ

    ပိုသောက်စရာမလိုပါဘူး။ အဝလွန်နေသောအမျိုးသမီးတစ်ဦးသည် တခြားသူတွေကဲ့သို့ တူညီတဲ့ဆေးပမာဏပဲသောက်ရမှာ ဖြစ်ပါသည်။ လေ့လာချက်များအရ ဆေးရဲ့အစွမ်းမှာ အဝလွန်သော သို့မဟုတ် လူကောင်ကြီးသောအမျိုးသမီးများတွင် ဆေးအာနိသင်လျော့နည်းသွားခြင်း မရှိကြောင်း ပြသထားသည်။ ထို့ကြောင့် အခြားဆေးများ သို့မဟုတ် ဆေးပိုမိုသောက်သုံးရန် မလိုအပ်ပါ။

    သင့်တွင်အမွှာကိုယ်ဝန်ရှိနေကြောင်းတွေ့ရှိပါသော်လည်း ဆေးပမာဏ သို့မဟုတ် ဆေးလုံးအရေအတွက်ကိုပြောင်းလဲရန်မလိုအပ်ပါ။ အမွှာကိုယ်ဝန်အတွက် ဆေးဝါးညွှန်ကြားချက်များသည် တစ်ဦးတည်းကိုယ်ဝန်နှင့် အတူတူပင်ဖြစ်သည်။

    မလျော့နည်းပါ။ အကယ်၍ သင်သည် ကိုယ်ဝန်ဖျက်ချဆေးကိုယခင်ကအသုံးပြုခဲ့ဖူးသော်လည်း ယခုအကြိမ် မလိုချင်သောကိုယ်ဝန်ရရှိလာပြီး ဖျက်ချချင်သည်ဆိုပါက ဆေးပမာဏပိုသောက်ရန် မလိုအပ်ပဲ ပုံမှန်ညွှန်ကြားထားသည့်အတိုင်းသောက်ရန်သာလိုအပ်ပါသည်။

    အကယ်၍ သင့်တွင် သားအိမ်တွင်းသန္ဓေတားကိရိယာ (ဥပမာ- ကြေးနီ IUD သို့မဟုတ် ပရိုဂျက်စတီရုန်း IUD) ရှိပါက ကိုယ်ဝန်ဖျက်ချဆေးမသောက်မီ ၎င်းကို ဖယ်ရှားရန် အကြံပြုအပ်ပါသည်။

    သင်သည် ဆေးဝါးများဖြင့် ကိုယ်ဝန်ဖျက်ချသောအခါ ပုံမှန်အတိုင်း နို့တိုက်ကျွေးနိုင်ပါသည်။ Mifepristone နှင့် misoprostol တို့သည် မိခင်နို့ရည်ထဲသို့ အလွန်သေးငယ်သော ပမာဏသာ ဝင်ရောက်နိုင်ပြီး ထိုပမာဏသည် သင့်ကလေးအား ဘေးထွက်ဆိုးကျိုး သို့မဟုတ် အန္တရာယ်ဖြစ်စေရန် အလွန်နည်းလွန်းပါသည် ။ ဆေးဝါးများဖြင့် ကိုယ်ဝန်ဖျက်ချစဉ်တွင် မိခင်နို့တိုက်ကျွေးခြင်းကို အနှောင့်အယှက်မရှိဘဲ ဆက်လက်လုပ်ဆောင်နိုင်သည်။

    သင်သည် HIV နှင့် အသက်ရှင်နေသည်ဆိုလျှင် အခြားသူများနည်းတူ ဆေးပြားများဖြင့် ကိုယ်ဝန်ဖျက်ချနိုင်ပါသည်။ အကောင်းဆုံးကျန်းမာရေးအတွက် ART ဆေးဝါးများကို အမြဲသောက်ရန် အကြံပြုအပ်ပါသည်။

    အကယ်၍ သင့်တွင်သွေးအားနည်းရောဂါရှိလျှင် (သင်၏သွေးတွင်သံဓာတ်ပါဝင်မှုနည်းနေလျှင်) သင်သည် ဆေးပြားများဖြင့် ကိုယ်ဝန်ဖျက်ချနိုင်ဆဲဖြစ်သည်၊ သို့သော် သင်လိုအပ်ပါက အကူအညီပေးနိုင်သော လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို သတ်မှတ်ထားရန် အကောင်းဆုံးဖြစ်သည်။ သင့်တွင် ပြင်းထန်သော သွေးအားနည်းရောဂါ ရှိနေပါက ဆေးမသောက်မီ ကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ပြသခြင်းသည် အကောင်းဆုံးဖြစ်သည်။

    ဘာမှမဖြစ်ပါဘူး။ ယခင်က ဗိုက်ခွဲမွေးဖွားဖူးသူဆိုရင် ကိုယ်ဝန်ဖျက်ချဆေးပြားကို ကိုယ်ဝန်ဆောင်အစောပိုင်းကာလများတွင်သုံးပါက ပိုပြီးစိတ်ချရပါသည်။

    mifepristone နှင့်မွေးရာပါချို့ယွင်းချက်များအကြား ဆက်စပ်မှုမရှိပါ။ သို့သော် mifepristone မှာ မွေးရာပါချို့ယွင်းချက်များ ဖြစ်စေနှုန်း အနည်းငယ်မြင့်တက်နိုင်ပါသည်။ misoprostol ဆေးသောက်ပြီးနောက် သင်ကိုယ်ဝန်ရှိနေသေးလျှင်၊ သင်သည် သဘာဝအလျောက် ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်နိုင်ပါသည်။ အကယ်၍ ကိုယ်ဝန်ပျက်ကျခြင်းမရှိဘဲ လစေ့သည်အထိ ကိုယ်ဝန်ဆက်ရှိနေပါက misoprostol ထိတွေ့မှုကြောင့် သန္ဓေသားပုံမှန်မဟုတ်ခြင်း ဖြစ်နိုင်ချေသည် သင့်ကလေးမှာ ထိတွေ့မှု 1000 တွင် 10 အောက် နည်းနေပါသေးသည်။

    သင်သည် ယခင်က သားကြောဖြတ်ခဲ့ပြီး ယခု ကိုယ်ဝန်ရှိနေလျှင် ကိုယ်ဝန်ဖျက်ချဆေး အသုံးပြု၍ ရနိုင်ပါသေးသည်။ သို့သော်၊ ယခင်က သားကြောဖြတ်ခြင်းသည် သန္ဓေပြွန်များကို အမာရွတ်များ ဖန်တီးပေးသောကြောင့် သင်သည် သာမန်လူတစ်ဦးထက်ပို၍ နေရာမှားသန္ဓေတည်ခြင်း သို့မဟုတ် သားအိမ်အပြင်ဘက်တွင် သန္ဓေတည်ခြင်း ဖြစ်နိုင်ခြေ ပိုများပါသည်။ သင်သည် ကိုယ်ဝန်ဖျက်ချဆေးနှင့် ဆက်လက်လုပ်ဆောင်ရန် ရွေးချယ်နိုင်ပါသည်၊ သို့သော် သင့်တွင် နေရာမှားသန္ဓေတည်ခြင်းရှိနေပါက ဆေးများသည် အလုပ်မဖြစ်ပါ။ ၎င်းတို့သည် အန္တရာယ်ဖြစ်စေမည်မဟုတ်သော်လည်း သင်၏နေရာမှားသန္ဓေတည်သောကိုယ်ဝန်သည် ဆက်လက်ကြီးထွားလာမည်ဖြစ်ပြီး အသက်အန္တရာယ်ရှိနိုင်သည့် အခြေအနေများကို ဖြစ်စေနိုင်သည်။ နေရာမှားသန္ဓေတည်သောကိုယ်ဝန်ဖြစ်လျှင် အထူးဆေးကုသမှုခံယူရန် လိုအပ်ပါသည်။ အကယ်၍ သင့်တွင် ယခင်က သားကြောဖြတ်ခြင်းလုပ်ငန်းစဉ်ရှိခဲ့ပြီး သားအိမ်အတွင်းကိုယ်ဝန် (နေရာမှားခြင်းမဟုတ်)ဖြစ်ကြောင်း အတည်ပြုရန် အာထရာဆောင်းရိုက်ထားပါက ဆေးပြားကို အသုံးပြုရန် ဘေးကင်းပါသည်။

    သားအိမ်ပြင်ပကိုယ်ဝန်များကို အာထရာဆောင်းဖြင့် စစ်ဆေးတွေ့ရှိပါသည်။ အကယ်၍ သင်သည် သားအိမ်ပြင်ပကိုယ်ဝန်ရှိနေကြောင်း စစ်ဆေးတွေ့ရှိပါက ကိုယ်ဝန်ဖျက်ဆေးများသည် အလုပ်မလုပ်သောကြောင့် ၎င်းတို့ကို အသုံးပြုရန် အကြံမပြုထားပါ။ ၎င်းအစား သားအိမ်ပြင်ပကိုယ်ဝန်သည် သင့်တော်သောကိုယ်ဝန်မဟုတ်သည့်အတွက်ကြောင့် သင်သည် ၎င်းအား ကုသရန် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုကို ရယူရမည်ဖြစ်သည်။ ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင်မဟုတ်သောနိုင်ငံများတွင်ပင် ဤကိုယ်ဝန်ကိုအဆုံးသတ်ရန် တရားဝင်လုပ်ထုံးလုပ်နည်းကို သင်ဝင်ရရှိနိုင်သည်။

    ယောကျ်ားလေးကဲ့သို့ပြူမူနေထိုင်သူ သို့မဟုတ် တိကျကွဲပြားသောကျား/မစိတ်မရှိသူ တစ်ယောက်အဖြစ် ဆေးဝါးများဖြင့် ကိုယ်ဝန်ဖျက်ခြင်းပြုလုပ်ရန် ဘေးကင်းပါသည်။ သင်သည် အမျိုးသားသွင်ပြင်လက္ခဏာများ ဖြစ်ပေါ်စေသော ဟော်မုန်းများကို သောက်နေလျှင် misoprostol သို့မဟုတ် mifepristone သည် ၎င်းကို အနှောက်အယှက်ဖြစ်လိမ့်မည်မဟုတ်ပါ။ သင်သည် testosterone (T) နှင့်/သို့မဟုတ် gonadotrophin ထုတ်လွှတ်သောဟော်မုန်း (GnRH) အန်နာလော့စ်များကို အသုံးပြုနေလျှင် ဤကိုယ်ဝန်ဖျက်ဆေးများကို ဘေးကင်းစွာ အသုံးပြုနိုင်ပါသည်။ သို့သော် သင်သည် ဘက်စုံပါဝင်သော ကိုယ်ဝန်ပျက်ခြင်းအတွက်ပြုစုစောင့်ရှောက်မှုများ ရှာဖွေရာတွင် အခက်အခဲများ ကြုံတွေ့ရနိုင်ပါသည်။ သင့်နိုင်ငံတွင် ကိုယ်ဝန်ပျက်ခြင်းအတွက်ပြုစုစောင့်ရှောက်မှုများ နှင့်ပတ်သက်၍ ပိုမိုလေ့လာသင်ယူပါ။

    စာကိုးများ-

ကိုယ်ဝန်ဖျက်ချဆေးနှင့်ပတ်သတ်ပြီးမေးလေ့ရှိသော မေးခွန်းမျာ

    ဆေးဘက်ဆိုင်ရာ ကိုယ်ဝန်ဖျက်ခြင်းကို သင့်နောက်ဆုံးရာသီလာရက်မှ ၁၃ ပတ်မတိုင်ခင် ကိုယ်ဝန်များအတွက် အများဆုံးထောက်ခံအားပေးကြောင်း သု‌တေသနများက ဖော်ပြကြသည်။ HowToUseAbortionPill ပရိုတိုကောကို ၁၃ ပတ်အထိကိုယ်ဝန်များအတွက်လည်း ရည်ရွယ်ပါသည်။ ကိုယ်ဝန်ဖျက်ဆေးများကို ကိုယ်ဝန်နောက်ပိုင်းကာလတွင် အသုံးပြုနိုင်ပါသည်၊ သို့သော် ကွဲပြားသောပရိုတိုကောများနှင့် ဘေးကင်းလုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားချက်များ လိုအပ်ပါသည်။ ပိုမိုများပြားသော သတင်းအချက်အလက်များအတွက် သင်သည် www.womenonweb.org တွင် ကျွန်ုပ်တို့၏မိတ်ဆွေသူငယ်ချင်းများထံ သွားရောက်စုံစမ်းနိုင်ပါသည်။ သို့မဟုတ် သင့်နိုင်ငံရှိ ကိုယ်ဝန်ဖျက်ခြင်းအရင်းအမြစ်များနှင့်ပတ်သက်၍ ပိုမိုလေ့လာသင်ယူရန် ကျွန်ုပ်တို့နိုင်ငံ၏ပရိုဖိုင်များ သို့ သွားပါ။

    စာကိုးများ-

    ဆေးဝါးများဖြင့် ကိုယ်ဝန်ဖျက်ခြင်းတစ်ခုသည် သင့်တော်စွာအသုံးပြုသောအခါ အလွန်အမင်းဘေးကင်းပြီး အကျိုးရှိသည်။ mifepristone နှင့် misoprostol ဆေးဝါးတို့ဖြင့် ကိုယ်ဝန်ဖျက်ခြင်းသည် ၉၅% ကျော် အောင်မြင်စွာ အလုပ်လုပ်သည်၊ နောက်ဆက်တွဲပြဿနာဖြစ်နိုင်ချေသည် ကိုယ်ဝန် ၁၀ ပတ်အထိတွင် ၁% အောက်၊ နှင့် ကိုယ်ဝန် ၁၀ ပတ်နှင့် ၁၃ ပတ်အကြားတွင် ၃% ဖြစ်သည်။ misoprostol တစ်ခုတည်းကို အသုံးပြုသောအခါ ကိုယ်ဝန်ဖျက်ခြင်းသည် အောင်မြင်နှုန်း ၈၀-၈၅% ရှိပြီး နောက်ဆက်တွဲပြဿနာဖြစ်နိုင်ချေသည် ကိုယ်ဝန် ၁၃ ပတ်အထိတွင် ၁-၄% ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) အရ သင့်မှာ တိကျသောသတင်းအချက်အလက်နှင့် အရည်အသွေး-မှီ ဆေးဝါးများကို လက်လှမ်းမှီနိုင်သမျှ ဆေးဝါးများဖြင့် ကိုယ်ဝန်ဖျက်ခြင်းကို အိမ်တွင် ဘေးကင်း၍ အကျိုးရှိစွာ မိမိကိုယ်တိုင်-သုံးစွဲပြုလုပ်နိုင်သည်။

    စာကိုးများ-

    ဆေးနှစ်မျိုးရှိပါသည်။ တစ်ခုနှင့်တစ်ခု ထိရောက်မှုမှာလည်း မတူညီပါ။ Mifepristone တွေဟာ ကိုယ်ဝန်ကိုကြီးထွားစေမယ့်ဟိုမုန်းထွက်လာခြင်းကို တားပါတယ်။ misoprostol မှာအသုံးပြုထားတဲ့ ပါဝင်ပစ္စည်းတွေကတော့ သားအိမ်အဖွင့်အပိတ်ကို ဖြစ်စေပြီး သားအိမ်လမ်းကြောင်းကိုချဲ့ကာ ကိုယ်ဝန်ကို တွန်းထုတ်ပစ်ပါသည်။

    Misoprostol သည်သားအိမ်ကိုကျုံ့စေပြီး ကိုယ်ဝန်ကို ပျက်ကျစေပါသည်။

    Mifepristone တွေက ကိုယ်ဝန်ကြီးထွားမှုအတွက် လိုအပ်တဲ့ ဟိုမုန်းတွေကို တားဆီးပေးပါသည်။

    အိမ်မှာ misoprostol ကိုအသုံးပြုနိုင်ပါသည်။ ထိုဆေးကို သောက်သုံးမည်ဆိုပါက သောက်သုံးပြီး နာရီအနည်းငယ် အေးဆေးလဲလျောင်းအနားယူနိုင်မည့်နေရာ ရှိရန်လိုအပ်ပါသည်။ သင့်ကို စောင့်ကြည့်မယ့် လူတစ်ဦးလည်း ရှိသင့်ပြီး လက်ဖက်ရည်ပူ သို့ အစားအစာတစ်ခုခု ယူလာပေးပြီး သုံးဆောင်ပါက ပိုအထောက်အကူပြုနိုင်ပါသည်။

    Misoprostol သောက်ထားစဥ် မိနစ် ၃၀ အတွင်း ဆေးပျော်ဝင်စေဖို့အတွက် မည်သည့်အစားအစာမှ မစားသောက်ရပါ။ မိနစ် ၃၀ ကြာပြီးမှ ဆေးမြိုကျဖို့နဲ့ ရေဓါတ်အပြည့်အဝရှိစေဖို့ ရေ-အရည် များများသောက်သုံးနိုင်ပါသည်။

    Mifepristoneကိုမြိုချရန်အတွက် ရေကို သောက်သုံးနိုင်ပါသည်။

    Misoprostol ဆေးကို အောင်မြင်စွာအသုံးပြုရန် ပုံစံ ၂မျိုး ရှိပါသည် – ဆေးကို မိန်းမကိုယ်ထဲထည့်ခြင်း သို့မဟုတ် လျှာအောက်တွင်ထားခြင်းတို့ ဖြစ်ပါသည်။ HowToUseAbortionPill သည် သင့်အား misoprostol ကို လျှာအောက်တွင်ထားပြီးအသုံးပြုခြင်းကိုသာ အကြံပြုပါသည်၊ ဆေးပြားများသည် လျင်မြန်စွာ ပျော်ဝင်ပြီး သင့်ခန္ဓာကိုယ်တွင် မြင်နိုင်သော သဲလွန်စများကို မချန်ထားသောကြောင့် ၎င်းသည် ပို၍ သီးသန့်ဖြစ်ပါသည်။

    mifepristone နှင့် misoprostol ဆေးနှစ်မျိုးပေါင်းသောက်ခြင်း နှင့် misoprostol ဆေးတစ်မျိုးတည်းသောက်သုံးခြင်းတို့သည် အာနိသင်ရှိသော နည်းလမ်းများပင် ဖြစ်ပါသည်။ သို့သော် သင့်အနေဖြင့် လွယ်လွယ်ကူကူဝယ်ယူသောက်သုံးနိုင်သည်ဆိုပါက ဆေး ၂မျိုးလုံး ဝယ်ယူအသုံးပြုရန်အတွက် အကြံပြုလိုပါသည်၊ ၎င်းသည် misoprostol ဆေးတစ်မျိုးတည်းသောက်သုံးခြင်းထက် အနည်းငယ်ပို၍ အာနိသင် ရှိသောကြောင့် ဖြစ်သည်။

    ဆေး ၂ မျိုးတွဲသောက်သုံးသူ ၁၀၀ တွင် ၉၈ မှာ ကိုယ်ဝန်ဖျက်ချနိုင်ပြီး misoprostol တစ်မျိုးတည်းသုံးပါက ၁၀၀ တွင် ၉၅ ဦး ကိုယ်ဝန်ဖျက်ချနိုင်ကြောင်း တွေ့ရှိရပါသည်။

    ဆေးနှစ်မျိုးစလုံးသောက်သုံးခြင်းဖြင့် ဆေးတစ်မျိုးမှတစ်မျိုးကို အပြန်အလှန် ထောက်ပံ့ပေးနိုင်ပါသည်။ misoprostol အာနိသင်သည် သားအိမ်ခေါင်း (သားအိမ်ဝ) ကိုပွင့်စေပြီး၊ သားအိမ်ကိုကျုံ့စေခြင်းဖြင့် ကိုယ်ဝန်ကိုပျက်ကျအောင်တွန်းထုတ်ပေးနိုင်ပါသည်။

    လျှာအောက်တွင် ထားပြီး မိနစ် ၃၀ကြာလျှင် မျိုချထားပြီးသောကြောင့် သင့်အနေဖြင့် ကိုယ်ဝန်ဖျက်ချဆေးများသုံးစွဲထားသည်ကို မည်သူမှသိရှိမည်မဟုတ်ပါ။ တစ်စုံတစ်ယောက်မှ မေးလာလျှင် သင့်အနေဖြင့် ပုံမှန်သွေးဆင်းသည်ဟုသာ ပြောနိုင်ပါသည်။ မိန်းမကိုယ်အတွင်းထည့်ပြီးအသုံးပြုပါက ဆေးပျော်ဝင်မှုမှာ တစ်ရက် သို့ မဟုတ် နှစ်ရက်ထက် ပိုကြာနိုင်ပါသည်။ အကယ်၍ သင့်အနေဖြင့် ၂ရက် ( ၄၈ နာရီအတွင်း ) ဆေးကုသမှုခံယူရန်လိုအပ်လာပါက ကျန်းမာရေးဝန်ထမ်းက သင့်မိန်းမကိုယ်ထဲက ဆေးအခွံကို တွေ့ရှိနိုင်ပါတယ်။ ထိုကြောင့် misoprostol ကို မိန်းမကိုယ်ထဲထည့်မည့်အစား လျှာအောက်တွင် ထားသောက်ရန် အကြံပြုလိုပါသည်။

    သင်သည် NSAIDs (ibuprofen အပါအဝင်) နှင့် ဓာတ်မတည့်လျှင် acetaminophen (Tylenol/Paracetamol) ကို နာကျင်ကိုက်ခဲမှုအတွက် ပြောင်းလဲအသုံးပြုနိုင်သောဆေးဝါးတစ်ခုအဖြစ် ထောက်ခံအားပေးပါသည်။ ၎င်းကို နိုင်ငံအများစုရှိ ဈေးဆိုင်-ကောင်တာများပေါ်တွင် ရရှိနိုင်သည်။ နာကျင်ကိုက်ခဲမှုအတွက် ဆေး ၂ လုံး ( ၃၂၅ မီလီဂရမ်‌ ဆေးလုံး) ကို ၄-၆ နာရီကြာတိုင်း လိုအပ်သလိုသောက်ပါ။ ၂၄ နာရီအတွင်း အများဆုံးပမာဏမှာ ၄၀၀၀ မီလီဂရမ် ဖြစ်ပါသည်။

ကိုယ်ဝန်ဖျက်ချဆေးသောက်သုံးရာတွင် သတိပြုသင့်သည့်အချက်မျာ

    သင်သည် ကိုယ်ဝန် 13 ပတ် (91 ရက်) အထက်ဖြစ်လျှင်၊ mifepristone သို့မဟုတ် misoprostol ဆေးဝါးများနှင့် ဓာတ်မတည့်လျှင်၊ သင့်တွင် သွေးခဲခြင်းပြဿနာများအပါအဝင် ပြင်းထန်သော ကျန်းမာရေးပြဿနာများရှိလျှင်၊ သို့မဟုတ် ကိုယ်ဝန်သည် သားအိမ်အပြင်ဘက် (နေရာမှားသန္ဓေတည်ခြင်း) တွင် ကြီးထွားနေသည်ဟု ယုံကြည် သို့မဟုတ် သိရှိလျှင် HowToUseAbortionPill ပရိုတိုကောအတိုင်း ကိုယ်ဝန်ဖျက်ဆေးများကို အိမ်တွင်အသုံးပြုခြင်းကို ရှောင်သင့်ပါသည်။

ကိုယ်ဝန်ဖျက်ချဆေးများ၏ ဘေးထွက်ဆိုးကျိုးများ

    ကိုယ်ဝန်ပျက်ခြင်းအတွေ့အကြုံတိုင်းသည် မတူညီပါ။ သင်သည် ပုံမှန်ဓမ္မတာသွေးဆင်းချိန်အတွင်းထက်ပို၍ ကိုက်ခဲခြင်းနှင့် သွေးဆင်းခြင်းတို့ကို (သင်သည် ဓမ္မတာလာချိန် ကိုက်ခဲခြင်းဖြစ်တတ်လျှင်) ကြုံတွေ့ရနိုင်သည်။ သို့သော် သင်၏ကိုက်ခဲခြင်းသည် နည်းနည်းပါးပါးသာဖြစ်ပြီး သင့်သွေးဆင်းခြင်းသည် ပုံမှန်ဓမ္မတာသွေးဆင်းသကဲ့သို့သာဖြစ်လျှင် ၎င်းအခြေအနေသည်လည်း ပုံမှန်သာဖြစ်ပါသည်။ အခြားတွေ့ရများသော ဘေးထွက်ဆိုးကျိုးများမှာ ပျို့ခြင်း၊ ဝမ်းလျှောခြင်း၊ ဖျားခြင်းနှင့် ခေါင်းကိုက်ခြင်းများ ဖြစ်ပါသည်။ သို့သော် သင်သည် ၂၄ နာရီအောက်တွင် ပို၍သက်သာလာသင့်သည်။ အကယ်၍ သင်သည် ပို၍နေမကောင်းဖြစ်လာသည်ဟု ခံစားရလျှင် ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု ခံယူသင့်ပါသည်။

    စာကိုးများ-

    အမျိုးသမီးအချို့တွင် ကိုယ်လက်ကိုက်ခဲခြင်းများသည် အလွန်ပြင်းထန်သည် – ပုံမှန်ရာသီသွေးဆင်းလျှင် ကိုက်ခဲခြင်းထက် များစွာပို၍ နာကျင်ပြီး ပုံမှန်ရာသီသွေးဆင်းခြင်းထက် ပို၍ သွေးများဆင်းမည်ဖြစ်သည်။ misoprostol.သောက်သုံးပြီး နာရီအနည်းငယ်အတွင်း သံပုရာသီးအရွယ်လောက်ရှိ သွေးခဲများကျလာနိုင်ပါသည်။ အချို့အမျိုးသမီးများတွင် နာကျင်ကိုက်ခဲမှုအနည်းငယ်သာရှိပြီး သွေးဆင်းမှုမှာလည်း ပုံမှန်ရာသီလာသလိုပဲ သွေးဆင်းနိုင်ပါသည်။ သွေးဆင်းခြင်းသည် ယေဘုယျအားဖြင့် misoprostol ကိုအသုံးပြုပြီး ပထမ 24 နာရီအတွင်း အပြင်းထန်ဆုံးဖြစ်သည်။

    ကိုယ်ဝန်ဖျက်ချဆေးဝါး အလုပ်လုပ်ရန်အလို့ငှာ သင်သည် သွေးဆင်းခြင်းကို တွေ့ကြုံခံစားရပါသည်။ သင့်အနေဖြင့် Misoprostol ဆေးသောက်ပြီး သွေးဆင်းမှုမရှိဘဲ သို့မဟုတ် သွေးအနည်းငယ်သာဆင်းခြင်း နှင့် ibuprofenအကိုက်အခဲပျောက်ဆေးကိုသောက်ထားသော်လည်း အပြင်းအထန်နာကျင်နေပါက(အထူးသဖြင့် ညာဖက်ပခုံးတွင်) ဆေးကုသမှုခံယူပါ။ ဒါဟာ သားအိမ်ပြင်ပသန္ဓေတည်ခြင်း ဖြစ်နိုင်ပါသည်။ ဒီအခြေအနေသည် ဖြစ်ရန်ရှားပါးသော်လည်း အသက်အန္တရာယ် စိုးရိမ်မှုရှိနိုင်ပါသည်။ သင့်အနေဖြင့် ကိုယ်ဝန်ဖျက်ချခြင်းမအောင်မြင်ဟု စိုးရိမ်ပါက လေ့ကျင့်ထားသောကိုယ်ဝန်ဖျက်ချမှုအကြံပေးနှင့်စကားပြောရန် www.safe2choose.org မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

    သင့်အနေဖြင့် ကိုယ်ဝန်ပျက်ကျသွားပြီဟု သိပြီးနောက် သာမာန်သုံးနေကျ အမျိုးသမီးလစဥ်သုံးပစ္စည်း pad ၂ခုလောက် ၂ နာရီအတွင်း စိုရွှဲသွားပါက ချက်ချင်းဆေးကုသမှုခံယူပါ။ အမျိုးသမီးလစဥ်သုံးပစ္စည်း Pad စိုရွှဲသည်ဟုဆိုရာတွင် Pad တစ်ခုလုံး အရှေ့မှအနောက်၊ ဘေးအားလုံးနှင့် အပေါ်အောက် သွေးတွေပျံ့နှံ့သွားခြင်းကို ဆိုလိုပါသည်။

    ကိုယ်ဝန်ဖျက်ချဆေးသောက်ပြီး သင်၏နာကျင်မှုကိုသက်သာစေရန် 200 mg ရှိသော ibuprofen ဆေး ၃လုံးမှ၄ လုံးကို ၆ နာရီ (သို့မဟုတ်) ၈ နာရီကြာပြီးတိုင်း သောက်ပေးပါ။ misoprostol မသုံးမီ ibuprofen အကိုက်အခဲပျောက်ဆေးကို သောက်နိုင်ပါတယ်။

    30 မိနစ်ခန့်အကြာ Misoprostol ဆေးပျော်ဝင်ပြီးနောက် မိမိနှစ်သက်သလိုစားသုံးနိုင်ပါသည်။ သင်စားသုံးနိုင်သော အစားအစာအမျိုးအစားများကို ကန့်သတ်ထားခြင်း မရှိပါ။ HowToUseAbortionPill သည် သင့်အား ပျို့အန်ခြင်းကို သက်သာစေနိုင်သောကြောင့် ရိုးရှင်း၍ ခြောက်သွေ့သော အစားအစာများ (ဥပမာ- ခရက်ကာ သို့ ပေါင်မုန့်မီးကင်) များကို အကြံပြုထားသကဲ့သို့ အစိမ်းရောင် အရွက်များ၊ ဥများနှင့် အနီရောင်အသားများသည် ပရိုတင်းဓာတ်ကို ပေးစွမ်းနိုင်ပြီး ကိုယ်ဝန်ဖျက်ချစဉ် ဆုံးရှုံးသွားသော သတ္တုဓာတ်များကို ပြန်လည်ရရှိရန် ကူညီပေးနိုင်ပါသည်။

    Misoprostol ပျော်ဝင်သွားပါက မိမိနှစ်သက်ရာ အရည်(အရက်သေစာမှ လွဲ၍)ကို သောက်သုံးနိုင်ပါသည်။

    HowToUseAbortionPill သည် ဆေးဝါးအပေါ် အရက်၏ဆိုးကျိုးများကို လျှော့ချရန်နှင့် သင့်ကိုယ်သင် ဂရုစိုက်နိုင်ရန် ဆေးဝါးဖြင့်ကိုယ်ဝန်ဖျက်ချခြင်းလုပ်ငန်းစဉ်အတွင်း အရက်ကို ရှောင်ကြဉ်ရန် အကြံပြုထားပါသည်။ အရက်သည် သွေးယိုခြင်းအပေါ် သက်ရောက်နိုင်သည့် အလားအလာလည်းရှိပါသည်။ ကိုယ်ဝန်ဖျက်ချခြင်း အောင်မြင်သည်ဟု ်သင်ခံစားမိသည်အခါ အရက်သောက်ရန် အဆင်ပြေပါသည််။

    အများစုသည် misoprostol ကို ပထမအကြိမ်အသုံးပြုပြီး 4 – 5 နာရီအတွင်း ကိုယ်ဝန်ပျက်ကျပြီး အဆိုးရွားဆုံး ကြွက်တက်ခြင်းနှင့် သွေးထွက်ခြင်း လက္ခဏာများကို ခံစားရပါလိမ့်မည်။ လူအများစုသည် misoprostol ကို နောက်ဆုံးအကြိမ် အသုံးပြုပြီးနောက် 24 နာရီအတွင်း စတင်သက်သာလာပါလိမ့်မည်။ သင့်အနေဖြင့် ပုံမှန်ရာသီလာချိန်မရောက်ခင် 3 – 4 ပတ်အထိ သွေးအနည်းငယ်ဆင်းနေခြင်းသည် ပုံမှန်သာဖြစ်ပါသည်။

    misoprostol သောက်သုံးပြီးနောက် ဗိုက်နာဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ချမ်းတုန်ခြင်း သို့မဟုတ် ဤအချိန်တွင် ဖျားနာခြင်းကဲ့သို့ခံစားရခြင်းသည် ပုံမှန်သာဖြစ်သည်။ အများစုက ကိုယ်ဝန်ပျက်ကျပြီးသည်ကို သွေးဆင်းမှုလျော့နည်းလာခြင်း၊ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ လျော့နည်းလာခြင်း နှင့် ကိုယ်ဝန်လက္ခဏာများ စတင်လျော့ကျလာခြင်းကနေတစ်ဆင့် သိနိုင်သည်ဟု ပြန်ပြောပြကြသည်။

    ဆေးဘက်ဆိုင်ရာ ကိုယ်ဝန်ဖျက်ခြင်းတစ်ခုတွင် နောက်ဆက်တွဲပြဿနာများမှာ အလွန်ရှားပါသည်။ သို့သော်၊ သင်သည် နောက်ဆက်တွဲပြဿနာများ၏
    ဖြစ်နိုင်သောလက္ခဏာများကို မှတ်မိသိရှိရန် အရေးကြီးပါသည်။ သင်သည် အလွန်အမင်းသွေးဆင်းခြင်း (တစ်နာရီလျှင် ပုံမှန်ပတ် ၂ ခုနှုန်း စိုရွှဲခြင်းကို
    ၂ နာရီကြာ ဆက်တိုက်ဖြစ်နေခြင်း) ကို‌ တွေ့ကြုံရလျှင်၊ အလွန်အမင်းနာကျင်ကိုက်ခဲပြီး ibuprofen သောက်ပြီးနောက် ပိုကောင်းမလာခဲ့လျှင် သို့မဟုတ်
    misoprostol သုံးပြီးနောက်နေ့များတွင် ပိုမိုနေမကောင်းဖြစ်လာသည်ဟု စတင်ခံစားလာရလျှင်၊ သင်သည် ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု ခဲယူသင့်ပါသည်။

    ဆေးဘက်ဆိုင်ရာ ကိုယ်ဝန်ဖျက်ခြင်းများ သို့မဟုတ် အိမ်-တွင် ကိုယ်ဝန်ဖျက်ခြင်းများကို သင့်နိုင်ငံတွင် တရားဝင်တားမြစ်ထားပါသလား။ သင်သည်
    သင်ပြောသောအရာနှင့်ပတ်သက်၍ ဂရုပြုရန် လိုအပ်နိုင်ပါသည်။ ဆေးဘက်ဆိုင်ရာ ကိုယ်ဝန်ဖျက်ခြင်းသည် သဘာဝအရ ကိုယ်ဝန်ပျက်ခြင်း
    (အလိုအလျောက် ကိုယ်ဝန်ပျက်ခြင်း ဟုလည်းခေါ်ဆိုကြသည်) ကဲ့သို့ပင် တူညီသောလက္ခဏာများ ရှိပါသည်။ ထို့ကြောင့် သင်သည်
    “ငါ သွေးဆင်းနေတယ်၊ ဒါပေမယ့် အဲ့တာက ပုံမှန်ရာသီသွေးဆင်းတာနဲ့တူတယ်လို့မခံစားရဘူး။” စသဖြင့် ပြောနိုင်ပါသည်။

    စာကိုးများ-

    ကိုယ်ဝန်ဖျက်ခြင်း အောင်မြင်မှုရှိမရှိသိရှိရန် မတူညီသောနည်းလမ်းများ ရှိပါသည်။ ကိုယ်ဝန်ပျက်စဉ်တွင် သင်သည် ကိုယ်ဝန်တစ်ရှူးအပိုင်းအစများ
    (၎င်းသည် သေးငယ်သော အမည်းရောင်စပျစ်သီးများ၊ ပါးလွှာသော အမှေးပါးများ၊ သို့မဟုတ် ဖြူဖတ်ဖြူရော်အလွှာတစ်ခုဖြင့် ဝန်းရံထားသော
    အိတ်ငယ်တစ်ခုနှင့် ဆင်တူသည်) ဆင်းသွားသည်ကို ခွဲခြားသိရှိနိုင်သည်။ ၎င်းသည် ကိုယ်ဝန်ဖျက်ခြင်းအောင်မြင်ကြောင်း ဖော်ပြချက်တစ်ခုဖြစ်သည်။
    သို့သော် ကိုယ်ဝန်တစ်ရှူးအပိုင်းအစများကို ခွဲခြားသိရှိရန်မှာ အမြဲတမ်းမဖြစ်နိုင်ပါ။ အောင်မြင်သောကိုယ်ဝန်ဖျက်ခြင်း၏ အခြားဖော်ပြချက်တစ်ခုမှာ
    ရင်သားများ ထိလျှင်နာခြင်းနှင့် ပျို့ခြင်းကဲ့သို့သော ကိုယ်ဝန်လက္ခဏာများ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

    အိမ်တွင် ဆီးဖြင့်ကိုယ်ဝန်စစ်ခြင်းသည် ကိုယ်ဝန်ဖျက်ခြင်းအောင်မြင်မှုကို အတည်ပြုရန် အခြားနည်းလမ်းတစ်ခု ဖြစ်သည်။ သို့သော်
    သင့်ခန္ဓာကိုယ်ထဲတွင် ဆက်လက်ရှိနေသေးသော ဟော်မုန်းများကြောင့် ကိုယ်ဝန်စစ်ဆေးချက်တစ်ခုသည် သင့်ကိုယ်ဝန်ပျက်ကျပြီး ၄ ပတ်ကြာအထိ
    ပေါ့စတစ် ဆက်ဖြစ်နေနိုင်သည်ကို သတိပြုပါ။ အာထရာဆောင်းကို ကိုယ်ဝန် အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့လားဆိုသည်ကို သံသယရှိမှသာလျှင်
    သို့မဟုတ် နောက်ဆက်တွဲပြဿနာများ (အလွန်အမင်းသွေးဆင်းခြင်း သို့မဟုတ် ရောဂါပိုးဝင်ခြင်း) သံသယရှိမှသာလျှင် မဖြစ်မနေလိုအပ်ပါသည်။

    စာကိုးများ-

    ဆေးဝါးများဖြင့် ကိုယ်ဝန်ဖျက်ခြင်းတစ်ခုပြီးနောက် အာထရာဆောင်းကို မလိုအပ်ပါ။ နောက်ဆက်တွဲပြဿနာများ (အလွန်အမင်းသွေးဆင်းခြင်း သို့မဟုတ် ရောဂါပိုးဝင်ခြင်း) သံသယရှိမှသာလျှင်၊ သို့မဟုတ် ကိုယ်ဝန်ကို အဆုံးသတ်နိုင်ခဲ့လားဆိုသည်ကို သံသယရှိမှသာလျှင် အာထရာဆောင်းကို မဖြစ်မနေလိုအပ်ပါသည်။ သင်သည် ဆေးဝါးများ အသုံးပြုပြီးနောက် ကိုယ်ဝန်လက္ခဏာများ (ရင်သားများထိလျှင်နာခြင်း၊ ပျို့ခြင်း၊ နုံး‌ခွေခြင်း စသည်) ကို ဆက်လက်ခံစားမိနေလျှင် နောက်ထပ်အဆင့်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်လိမ့်မည်။ ဖြစ်နိုင်ချေရှိသော နောက်အဆင့်တစ်ခုမှာ သင့်တော်ပုံပေါ်လျှင် အာထရာဆောင်းရိုက်ရန် ဖြစ်နိုင်ပါသည်။ ပိုမိုများပြားသော သတင်းအချက်အလက်များအတွက် သင်သည် www.womenonweb.org တွင် ကျွန်ုပ်တို့၏မိတ်ဆွေသူငယ်ချင်းများထံ သွားရောက်စုံစမ်းနိုင်ပါသည်။ သို့မဟုတ် သင့်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ခြင်းနှင့်ပတ်သက်၍ ပိုမိုလေ့လာသင်ယူရန် ကျွန်ုပ်တို့နိုင်ငံ၏ပရိုဖိုင်များ သို့ သွားပါ။

    စာကိုးများ-

    အကယ်၍ သင်သည် ဆေးပြားများ အသုံးပြုပြီး သွေးဆင်းခြင်း သို့မဟုတ် ကြွက်တက်ခြင်းကို မခံစားရဘဲ ကိုယ်ဝန်ရှိနေဆဲဟု သံသယရှိပါက၊ သို့မဟုတ် အာထရာဆောင်းရိုက်ခြင်းဖြင့် သင့်ကိုယ်ဝန်ကြီးထွားနေဆဲဖြစ်ကြောင်း အတည်ပြုပါက၊ သင်သည် ကိုယ်ဝန် 13 ပတ်အထိ HowToUseAbortionPill လုပ်ငန်းစဉ်ကို ထပ်ကာထပ်ကာ ပြုလုပ်နိုင်ပါသည်။

    သင်၏ ကိုယ်ဝန်သည် အာထရာဆောင်းရိုက်ခြင်းဖြင့် ကြီးထွားမှု ရပ်တန့်သွားကြောင်း အတည်ပြုသော်လည်း ကိုယ်ဝန်သည် သားအိမ်ထဲမှ ထွက်မလာလျှင်၊ ၎င်းသည် မပြည့်စုံသော ကိုယ်ဝန်ဖျက်ချခြင်း (ကိုယ်ဝန်ပျက်ကျခြင်းနှင့် ဆင်တူသည်) ဖြစ်ကာ သင်သည် ကိုယ်ဝန်ကို ဖယ်ရှားရန် ခွဲစိတ်မှုပြုလုပ်ရန် အကျုံးဝင်ပါသည်။ သင့်ကိုယ်ဝန်သည် မဖြစ်နိုင်တော့ဟု ယူဆသောကြောင့် ထိုသို့ပြုလုပ်ခြင်းကို ကမ္ဘာတစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်သည်။ တနည်းအားဖြင့် ကိုယ်ဝန်ဖျက်ချခြင်းကို ဒုတိယအကြိမ်အဖြစ် အောင်မြင်နိုင်ဖွယ်ရှိသော ဆေးဝါးဖြင့် ကိုယ်ဝန်ဖျက်ချခြင်းလုပ်ငန်းစဉ်ကို ပြန်လုပ်ရန် ဘေးကင်းပါသည်။

ဆေးဘက်ဆိုင်ရာကိုယ်ဝန်ဖျက်ချခြင်းနှင့်အနာဂတ်မွေးဖွားခြင်း

    ဆေးဘက်ဆိုင်ရာ ကိုယ်ဝန်ဖျက်ချခြင်းပြီးနောက် 8 ရက်အကြာတွင် ကိုယ်ဝန်ရရန် ပြန်ကြိုးစားနိုင်ပါသည်။ လိင်ဆက်ဆံပြီး ကိုယ်ဝန်မရလိုပါက မလိုလားအပ်သော ကိုယ်ဝန်ကို ကာကွယ်ရန် သန္ဓေတားနည်းတစ်ခု အသုံးပြုခြင်းကို စဉ်းစားသင့်ပါသည်။

    မဖြစ်နိုင်ပါ။ ဆေးဝါးဖြင့်ကိုယ်ဝန်ဖျက်ချခြင်းသည် နောက်ထပ်ကိုယ်ဝန်တွေမှ မွေးလာမည့်ကလေးကို ထိခိုက်မှုမဖြစ်စေပါ။

    အခက်အခဲမရှိနိုင်ပါ။ ဆေးဝါးဖြင့်ကိုယ်ဝန်ဖျက်ချခြင်းသည် နောက်ပိုင်းကိုယ်ဝန်ပြန်ဆောင်ဖို့အတွက် အခက်အခဲမဖြစ်စေပါ။

အခြားကိုယ်ဝန်ဖျက်ချမကြာခဏမေးလေ့ရှိသောမေးခွန်းများ

    ကိုယ်ဝန်ဖျက်ခြင်းသည် တွေ့ရများသော်လည်း ကျွန်ုပ်တို့သည် ၎င်းနှင့်ပတ်သက်၍ ပြောရန် ခက်ခဲနိုင်သည်။ ကိုယ်ဝန်ဖျက်ခြင်းကို မှားယွင်းသောသတင်းအချက်အလက်များ၊ ယုံတမ်းစကားများနှင့် စိတ်ဒဏ်ရာများဖြင့် ဝန်းရံထားဆဲဖြစ်သည်။ သင်သည် ကိုယ်ဝန်ဖျက်ခြင်းနှင့်ပတ်သက်၍ ပြောသောအခါ သင့်လျော်သောအရင်းအမြစ်များမှ တိကျသောသတင်းအချက်အလက်များကို အသုံးပြုရန်ကြိုးစားပါ၊ စိတ်ဒဏ်ရာရစေသော စကားအသုံးအနှုန်းများကို ရှောင်ပါ၊ လူအများလက်ခံနိုင်သော စကားအသုံးအနှုန်းများ ပါဝင်ပါစေ – မတူကွဲပြားသောလူများတွင် ကိုယ်ဝန်ဖျက်ခြင်းများရှိပါသည်။ အမြဲတမ်းမလွယ်ကူနိုင်သော်လည်း စကားအခြေအတင်ငြင်းဆိုချက်တစ်ခုနှင့် အစမပြုမိပါစေနှင့်။ ၎င်းအစား ကိုယ်ဝန်ဖျက်ခြင်းနှင့်ပတ်သက်၍ လူများ၏သဘောထားများနှင့် အတွေ့အကြုံများအကြောင်း ဖွင့်ဟ-ကြိုဆိုသော မွေးခွန်းများ မေးပါ။

    ဆေးဝါးများဖြင့် ကိုယ်ဝန်ဖျက်ခြင်း၏ တရားဝင်မှုအခြေအနေသည် သင်နေထိုင်သောနေရာအပေါ်တွင် မူတည်ပါသည်။ အချို့နိုင်ငံများတွင် ကိုယ်ဝန်ဖျက်ခြင်းကို အချို့သော အခြေအနေများ (ဥပမာ၊ မုဒိန်းမှု သို့မဟုတ် ကိုယ်ဝန်ဆောင်သူ၏ အသက်အန္တရာယ်) အောက်တွင် တရားဝင်ဖြစ်နေစဉ် အချို့နိုင်ငံများတွင် တိကျသောကိုယ်ဝန်သက် သီတင်းပတ်အရေအတွက်တစ်ခုအထိ တရားဝင်သည်။ ကိုယ်ဝန်ဖျက်ဆေးများကို ကိုယ်ဝန်ဖျက်ခြင်း တရားဝင်သော နိုင်ငံများတွင် ကျန်းမာရေးဌာနပြင်ပတွင် အမြဲတမ်း အသုံးမပြုနိုင်သော်လည်း မကြာခဏ တရားဝင်ရရှိနိုင်သည်။ ကိုယ်ဝန်ဖျက်ခြင်းကို လုံးဝတားမြစ်ထားသောနိုင်ငံများလည်း ရှိပါသည်။ သင့်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ခြင်း နှင့်ပတ်သက်၍ ပိုမိုလေ့လာသင်ယူပါ။

    လူတိုင်း၏ ကိုယ်ဝန်ပျက်ခြင်းအတွေ့အကြုံသည် မတူညီပါ။ အချို့လူများသည် ဝမ်းနည်းမှုကို ခံစားရသော်လည်း အချို့သည် စိတ်သက်သာရာရပြီး ပျော်ရွှင်မှုကို ခံစားရသည်။ စိတ်ခံစားမှုအားလုံးမှာ ပုံမှန်ဖြစ်သည်။ သို့သော် မကောင်းသောခံစားမှုများ ကြာရှည်ဖြစ်နေခြင်းမှာ ရှားပါးပါသည်။ သင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အဆိုးအားဖြင့်သက်ရောက်နိုင်သောအရာမှာ စိတ်ဒဏ်ရာနှင့် မိမိ၏လုပ်ဆောင်ချက်အပေါ် ဝင်ရောက်စွက်ဆက်ဆုံးဖြတ်ခံရခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့ရခြင်းဖြစ်သည်။ သင်တစ်ယောက်တည်းမဟုတ်သည်ကို သတိရပါ – ကိုယ်ဝန်ဖျက်ခြင်းသည် တွေ့ရများပါသည်။ သူငယ်ချင်းများ၊ မိသားစု သို့မဟုတ် ဒေသဆိုင်ရာအဖွဲ့အစည်းများ ထံမှ အားပေးထောက်ပံ့မှုသည် အကူအညီဖြစ်နိုင်ပါသည်။

    စာကိုးများ-

    ကိုယ်ဝန်ဖျက်ချနည်း ၂ နည်းရှိပါတယ်။ ၁။ ဆေးဖြင့် ဖျက်ချနည်း – 1) ကိုယ်ဝန်ဖျက်ချသည့်ဆေးများကို ကိုယ်ဝန်ဆောင်နေချိန်တွင် ကိုယ်ဝန်ဖျက်ချရန်အတွက် သောက်သုံးခြင်းဖြစ်ပါတယ်။ ၎င်းသည် ခွဲစိတ်ကုသစရာမလိုဘဲ ဆေးသောက်ဖျက်ချနိုင်ပါသည်။ ၂။ ခွဲစိတ်ဖျက်ချနည်း
    2) ကျွမ်းကျင်ဆရာဝန်မှ သားအိမ်ထဲမှအသားစကို ကိုယ်ဝန်ဖျက်ချရန်အတွက် ရှင်းထုတ်ပစ်ခြင်းဖြစ်သည်။ MVA ကဲသို့ လေစုပ်ထုတ်နည်း နှင့် သားအိမ်ခြစ်နည်းတို့ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။

    ကိုယ်ဝန်ဖျက်ချခြင်းကို ကိုယ်ဝန်ရနိုင်မှုကို တားမြစ်တဲ့ သားဆက်ခြားနည်းလမ်းများ (အရေးပေါ်သန္ဓေတားခြင်းအပါအဝင် အခြားသန္ဓေတားနည်းလမ်းများ)နှင့် မမှားသင့်ပါ။ သားဆက်ခြားနည်းလမ်းများကတော့ မျိုးဥကြွေခြင်းကိုတားမြစ်ခြင်း သို့မဟုတ် မျိုးဥ နှင့် သုတ်ကောင်မပေါင်းနိုင်အောင် တားမြစ်ခြင်းဖြစ်ပါသည်။ ၎င်းနည်းလမ်းများကို ရှိနေပြီးသား ကိုယ်ဝန်ကိုဖျက်ချနိုင်ခြင်းမျိုးအတွက် အသုံးမပြုနိုင်ပါ။ သင့်အနေဖြင့် သားဆက်ခြားနည်းလမ်များကို သိရှိလိုပါက www.findmymethod.org ကိုသွားရောက်ပြီး လေ့လာနိုင်ပါတယ်။

    အရေးပေါ်သန္ဓေတားဆေးမှာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံပြီးနောက် ကိုယ်ဝန်မရရန်အတွက် သောက်သုံးရသည့်ဆေးဖြစ်ပါသည်။ ၎င်းသည် မျိုးဥကြွေခြင်းကို တားမြစ်ခြင်း သို့မဟုတ် မျိုးဥ နှင့် သုတ်ကောင်မပေါင်းနိုင်အောင် တားမြစ်ခြင်းကို ပြုလုပ်ပေးနိုင်ပါသည်။ သို့သော် ထိုဆေးများဟာ Mifepristone နှင့် Misoprostol ဆေးများနှင့်မတူပါ။ ထို့ကြောင့်ရှိနေပြီးသားကိုယ်ဝန်ကို ဖျက်ချနိုင်စွမ်းမရှိပါ။ ကိုယ်ဝန်ဖျက်ချဆေးနှင့် အရေးပေါ်သန္ဓေတားဆေး( EC Pill) နည်းလမ်း ၂ ခုလုံးကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတွေအကုန်လုံးရဲ့ မျိုးဆက်ပွားကျန်းမာရေးအတွက် အရေးကြီးတဲ့ဆေးဝါးများနဲ့ အသုံးပြုတဲ့နည်းများအနေဖြင့် ပါဝင်နေပါတယ်။

    info@howtouseabortionpill.org အီးမေးလ်မှ တစ်ဆင့် ကျွန်ုပ်တို့အဖွဲ့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။