ဆေးပညာဖြင့် ကိုယ်ဝန်ဖျက်ချခြင်းအကြောင်

ဆေးဝါးဖြင့်ကိုယ်ဝန်ဖျက်ခြင်းဟုလည်း ခေါ်ဆိုကြသော ဆေးဘက်ဆိုင်ရာ ကိုယ်ဝန်ဖျက်ခြင်းသည် ကိုယ်ဝန်တစ်ခုကို အဆုံးသတ်ရန် ကိုယ်ဝန်ဖျက်ဆေးများကို အသုံးပြုသောအခါ တွေ့ရသည်။ သင်သည် ဆေးဘက်ဆိုင်ရာ ကိုယ်ဝန်ဖျက်ဆေး mifepristone ကို misoprostol နှင့်တွဲ၍ သို့မဟုတ် misoprostol သီးသန့် အသုံးပြုနိုင်သည်။ ဆေးဝါးများကို မိန်းမကိုယ်တွင်းထည့်ခြင်း သို့မဟုတ် လျှာအောက်တွင်ထား၍ငုံခြင်းဖြင့် သုံးစွဲနိင်သည်။ သို့သော် ကျွန်ုပ်တို့သည် ရှာဖွေဖော်ထုတ်ခြင်းကိုရှောင်ရှားရန် လျှာအောက်တွင်ထား၍ငုံခြင်းကို ထောက်ခံအားပေးပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) သည် ဆေးဘက်ဆိုင်ရာ ကိုယ်ဝန်ဖျက်ခြင်းကို ကျွမ်းကျင်ကန်းမာရေးဝန်ထမ်းတစ်ယောက်၏ ကြီးကြပ်မှု မဖြစ််မနေမလိုအပ်သော မိမိကိုယ်ကို-စောင့်ရှောက်မှု လုပ်ဆောင်ချက်တစ်ခုအဖြစ် အမျိုးအစားခွဲထားပါသည်။ ၎င်းကို သင့်အိမ်တွင် သက်တောင့်သက်သာ မိမိကိုယ်ကို-စီစံမှု ပြုလုပ်နိုင်သည်ဟု ဆိုလိုသည်။ HowToUseAbortionPill ပရိုတိုကောကို ၁၃ ပတ်အထိ ကိုယ်ဝန်ဆောင်များအတွက် ရည်ရွယ်ပါသည်။

About Medical Abortion
How it Works Abortion Pills

ဆေးဘက်ဆိုက်ရာ ကိုယ်ဝန်ဖျက်ချဆေးဝါးများ အလုပ်လုပ်ပုံ

Mifepristone သည် ကိုယ်ဝန်ဆက်လက်ကြီးထွားခြင်းမှရပ်တန့်စေပြီး သားအိမ်ခေါင်း (သားအိမ်သို့ဝင်ပေါက်) ကိုဖွင့်ပေးသည်။ Misoprostol သည် သားအိမ်ကျုံ့စေပြီး ကိုယ်ဝန်ကို အပြင်သို့ တွန်းထုတ်နိုင်သည်။

misoprostol ကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်နှင့် ကြွက်တက်ခြင်း နှင့် သွေးဆင်းခြင်းများ စတင်ပါသည်။ များသောအားဖြင့် ၎င်းတို့သည် ပထမဆုံးဆေးပြားသောက်သုံးပြီး ၁ နာရီမှ ၂ နာရီအတွင်း စတင်ဖြစ်ပါလိမ့်မည်။ များသောအားဖြင့် misoprostol နောက်ဆုံးဆေး သောက်ပြီး ၂၄ နာရီအတွင်း ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်လေ့ရှိပါသည်။ တစ်ခါတစ်ရံ ထိုအချိန်မတိုင်ခင်လဲ ပျက်ကျတက်ပါသည်။

သင် စိုးရိမ်ပူပန်ပါက

အောက်ပါတို့မှာ ကိုယ်ဝန်ဖျက်ချခြင်း အောင်မြင်ပါက သတိပြုမိရန် နည်းလမ်းအချို့ ဖြစ်ပါသည် –

  • သင်သည် ကိုယ်ဝန်တစ်ရှူးစများ ထွက်လာသောအခါတွင် ခွဲခြားသိနိုင်သည်။ ၎င်းသည် ပါးလွှာသော အမြှေးပါးများပါရှိသော နက်မှောင်သောသွေးခဲများကဲ့သို့ သို့မဟုတ် အဖြူရောင် အထူအပါးအလွှာဖြင့် ဝန်းရံထားသည့် အိတ်ငယ်တစ်ခုကဲ့သို့ ဖြစ်နိုင်ပါသည်။ ကိုယ်ဝန်သက်အပေါ်မူတည်၍ ၎င်းသည် သင့်လက်သည်းခွံထက် သေးငယ်နိုင်သည် သို့မဟုတ် သင့်လက်မအရွယ်အစားလောက်အထိ ဖြစ်နိုင်သည်။
  • ကိုယ်ဝန်ဖျက်ချစဉ်အတွင်း သွေးဆင်းခြင်းသည် ရာသီစက်ဝန်းနှင့် ဆင်တူသည်၊ သို့မဟုတ် ထိုထက်ပို၍များနိုင်သည်။
  • သင့်ကိုယ်ဝန်လက္ခဏာများ တိုးတက်ကောင်းမွန်လာပါမည်။ ရင်သားနာကျင်ခြင်း၊ ပျို့အန်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းစသည့်အရာများ ပြန်လည်ကောင်းမွန်လာသင့်ပါသည်။

စာကိုးများ-